COC Gamer များအတွက် သတင်းကောင်းပါ
နည်းလမ်းလေး တစ်ခု ပြောချင်တာပါ
အဓိက ကတော့ ဖုန်းမော်ဒယ်နိမ့်သော ပုဂ္ဂိုလ်များအတွက်ပါ
စခန်းက အရမ်းကြီးနေပါပြီ ဒါပေမယ့်
google account မထည့်ရသေးဘူးဖြစ်နေတယ်
စိတ်မချရတာတော့ သေချာတယ်
ဖုန်းပျက်သွားရင် coc က သဲထဲရေသွန် ဖြစ်သွားရော
ဖုန်းမော်ဒယ်နိမ့်တဲ့ အကိုတို့က gapp installer နဲ့
google app များ ထည့်လိုက်တယ်
ထည့်လို့ကတော့ ပြီးသွားတာပေါ့
coc က stop ဆိုပြီး auto ထွက်သွားရော
ဝင်လို့ကို မရဘူး
clear data လုပ်ရင်တော့ ဝင်လို့ရပါမယ်
သင့်စခန်းကတော့ အစကနေ ပြန်ဆော့ရမယ်
coc ကို အကောင့် ဘယ့်နှယ်ထည့်ကြမလဲ
( ၁ ) ပထမဆုံး apk လေးတစ်ခု ဆွဲပေးပါ
အသုံးပြုပုံလေးကိုအောက်မှာကြည့်ပါ
ဒုတိယပုံတွင်ကြိုက်နှစ်သက်ရာ နာမည်လေးထည့်ပီး save ပေးပါ
DED Switcher လေးနဲ့ မှတ်ထားတယ်ဗျ
အဲဒီအဆင့် ပီးသွားပါပီ
အခုချိန်မှာ သင့် coc ကို ဖျက်ချင်ဖျက် ကြိုက်ရာလုပ် ok ပါ
( ၂ ) Gapp မထည့်ရသေးဘူးဆိုရင် ဖုန်းမော်ဒယ်နဲ့
ကိုက်ညီတဲ့ apk လေးဆွဲပေးပါ...
★4.0 မှ4.0.4 အတွက် Gapps Installer★
★4.1.2 အတွက် Gapps Installer★
★4.2 မှ 4.2.2 အတွက် Gapps Installer★
( ၃ ) google play game apk ဆွဲ ရပါမယ်
သင့်သူငယ်ချင်းဆီက တောင်းလိုက်ပါ ပိုမြန်ရော
ထည့်လိုက်ပါ.....
( ၄ ) google plus apk ထည့်ရဦးမယ်...
ဒီမှာ တစ်ခုရှိတာက g+ apk ထည့်မရတဲ့ဖုန်းတွေ
ရှိသေးတာပဲဗျ
အဲဒါဆိုရင် g+ ရှိပီးသား ဖုန်းတွေမှာ သင့်အကောင့် အရင်ထည့်လိုက်ပါ
G+ဖွင့် ပီး profile တစ်ခု တည်ဆောက်လိုက်ပါ
ဒါဆိုရင် အဆင့်၎ အိုကေသွားပြန်ပီ
( ၅ ) ကဲ အဲဒါဆိုရင် အကောင့်ရပီ
Google play game ရပီ
Google plus profile ရပီ
Coc ဖျက်ထားတာကို ပြန်ထည့်လိုက်ပါ
အစကကနေ ပြန်လာပါလိမ့်မယ်
Coc ပြန်ပိတ်လိုက်ပါ
ပီးသွားရင် recent app တွေဖျက်လိုက်ပါ
Home buttom ကိုဖိထားပီးရင် clear လုပ်လိုက်ပါ
( ၆ ) DED Switcher apk လေးပြန်ဖွင့်ပါ
မှတ်ထားတဲ့ ကောင်လေးကို restore ပြန်လုပ်ပါ (တတိယပုံ)
Coc ကို ပြန်ဖွင့်ရအောင်.....
အရင်ဆော့ထားတဲ့ နေရာလေးပြန်ရောက် သွားမယ်
Coc ကို ဖျက်ပီးပြန်ထည့်တဲ့အတွက် stop မပြတော့ပါဘူး
အဲဒီမှာ sign in ဝင်လိုက်ရင် အိုကေ သွားပါပီ
No comments:
Post a Comment
အဆင်ပြေပါစေ