(ကျနော်မအားလို့ မဝင်ဖြစ်လိုက်ဘူးဗျာ လင့်သေသွားတယ်ဆိုလို့ပြန်ပြင်ပေးထားပါတယ်ဗျာ)
ဒီတစ်ခါတော့ ဖုန်းpasswordမေ့တတ်သူတဲ့သူ များအတွက်ဖြေရှင်းနည်းလေးပါ။သိပြီသားတွေလည်းရှိကြမှာပါ။မသိသေးသူများအတွက်ပေါ့။ဆိုင်းကို ၃၀၀၀/၄၀၀၀ အလဟသ သွားပေးမနေရအောင် ဒီနည်းလေးကိုသိထားသင့်ပါတယ်။လော့မေ့ပြီဆိုရင်
ပထမနည်း။ ။ ဘက္ထရီကိုခဏဖြုတ်လိုက်ပါ။ပြီးရင် ပြန်တပ်ပြီး recovery mode ကိုဝင်ပါ။ recovery mode ဝင်နည်းက Handset တစ်ခုနှစ်တစ်ခု မတူပါ။HUAWEI ဆိုရင်ရင် Power ခလုတ်နဲ့ Volume up(အသံချဲ့ခလုတ်)တို့ကိုတွဲပြီးနှိပ်ထားပါ။လိုဂိုပေါ်ပြီးAndroidပုံလေးပ်ါတဲ့အထိနှိပ်ထားပေးပါ။Samsung ဆိုရင်တော့ power+volume down+home key တို့ကိုတွဲနှိပ်ပါ။ပေါ်လာတဲ့စာကြောင်းတွေထဲက wipe data/factory reset ကိုvolume up/down ကိုနှိပ်၍ရွေ့ပြီး power ကိုနှိပ်ပါ။ပြီးရင် yes ကိုနှိပ်ပါ။ခဏစောင့်ပါ။အောက်နားမှာစာတန်းလေးတွေတက်လာပြီး complet ဆိုတာတွေ့ရင် အပေါ်ဆုံး reboot system now ကို နှိပ်လိုက်ပါ။ဖုန်းပြန်ပွင့်ရင် password တောင်းတာပျောက်ပြီး ဝယ်ကာစမူရင်းအတိုင်းပြန်ဖြစ်သွားပါမယ်။ဒီနည်းကတော့ မိမိဖုန်းထဲက apk တွေ၊content တွေတော့ပျက်သွားပါမယ်။
ဒုတိယနည်း။ ။အရင်ဆုံး patten lock ဖြေတဲ့ဇစ်ဖိုင်လေးကို အောက်မှာဒေါင်းပြီး sd ရဲ့တနေရာမှာသိမ်းထားပါ။ပြီးရင် အပေါ်ကအတိုင်း recovery mode ဝင်ပါ။install zip from SD ဆိုတဲ့စာကြောင်းကို နှိပ်ပါ။ခုဏကဇစ်ဖိုင်ထားတဲ့နေရာထိရွေးပေးပြီး yes/install ကိုနှိပ်ပါ။reboot ကျသွားပြီးပြန်တက်လာရင်လော့ပျောက်သွားပါမယ်။ဒီနည်းကတော့ တခါတရံ အချို့ data တွေပျက်တတ်ပါတယ်။pin patten ဇစ်ဖိုင်ကိုအောက်မှာဒေါင်းပါ။
အပေါင်းအသင်းတို့ရဲ့စကားတစ်ခွန်း၊စာကြောင်းတစ်ကြောင်းဟာ ကျနော့်အတွက်အားဆေးမို့ဘလော့ရဲ့ ညာဘက်က Cbox မှာတစ်ခုခုပြောခဲ့စေချင်ပါတယ်ဗျာ။
စမ်းလိုက်အုံးမယ်
ReplyDelete