Tuesday, November 11, 2014
ဖုန်းအဖွင့်အပိတ် logo ပြောင်းရန်
ဒီပို့လေးကို pdf အဖြစ်လိုချင်ရင်
ဒေါင်းရန် ***Download Here***
သူငယ်ချင်းတို့ ဖုန်းအဖွင့်အပိတ်မှာ နဂိုပါတဲ့ ဒီဇိုင်းအဟောင်းကြီးကို ပြောင်းပစ်ပြီး ဒီဇိုင်းဆန်းဆန်းလေးနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ Logo ဒီဇိုင်းလေးထားကြမယ်။လုပ်နည်းကိုနားလည်အောင် သေချာရှင်းပြသွားပါ့မယ်။ဒီလိုလုပ်မယ်ဆိုရင် မိမိဖုန်းဟာ root ပေါက်ပြီးသားတော့ ဖြစ်ဖို့မယ်နော်။လိုအပ်တဲ့ဆော့ဝဲတွေကတော့ Root Explorer.apk,BootAnimation.apkတွေပါ။အောက်အဆင့်တွေမှာကွန်ပျူတာနဲ့လုပ်မယ့်သူအတွက်တော့ BootAnimationcreator လေးပါလိုအပ်ပါတယ်။
အရင်ဆုံးလိုအပ်တဲ့ဆော့ဝဲတွေကို ဒီ
***Download***
ကိုနှိပ်ပြီး ရယူပါ။ရလာတဲ့ဆော့ဝဲတွေထဲမှာမှ Bootanimation apk နဲ့ Root explorer apk ကိုမိမိဖုန်းတွင် install လုပ်ပါ။internet ဖွင့်ပါ။Bootanimation apk ထဲဝင်ပြီး မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကိုရွေးပြီး ဒေါင်းပါ။ဘေးမှာအမှန်ခြစ်လေးပြသွားရင်တော့ ဒေါင်းလို့ပြီးပါပြီ။အဲ့ဒီ ဒီဇိုင်းကို နှိပ်လိုက်ပါ။ပေါ်လာတဲ့အကွက်ထဲက install ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြီးရင် ဖုန်းကို restart ချကြည့်လိုက်ပါ။မိမိထားလိုက်တဲ့ ဒီဇိုင်းလေး စတင်ပေါ်လာပါလိမ့်မယ်။ဒါကတော့ အလွယ်နည်းပေါ့နော်။
ကွန်ပျူတာရှိတဲ့သူငယ်ချင်းများအနေနဲ့ ဒါထက်မက ဆန်းဆန်းလေးနဲ့ မိမိထားချင်တဲ့ စာသားလေးတွေ(ဥပမာ-မိမိအမည်ပေါ့) ပြေးလွှားနေတဲ့ဒီဇိုင်းလေး ဖန်တီးချင်တယ်ဆိုရင်တော့ အရင်ဆုံး မိမိထားချင်တဲ့ဒီဇိုင်းလေးကို bootanimation apk နဲ့အရင်ဒေါင်းပါ။ရလာတဲ့ Zip ဖိုင်လေးကို ဖြည်ပြီး မိမိကွန်ပျူတာ ထဲမှာ ထားပါ။ပြီးရင် အထဲမှာပါတဲ့ ပုံလေးတွေအပေါ်မှာ တစ်ပုံကိုတစ်လုံးကျ ကိုယ်ကြိုက်တဲ့၊ပိုင်နိုင်တဲ့နည်းနဲ့ရေးပါ။ကြိုက်နှစ်သက်တဲ့ အမည်လေးတွေဖန်တီးပြီးသွားပြီဆိုရင် အပေါ်တုန်းက ဒေါင်းလို့ရလာတဲ့ apk တွေထဲက bootanimationcreatot လေးကို ကွန်ပျူတာပေါ်မှာ run လိုက်ပါ။ပြီးရင်မိမိပြုပြင်ထားတဲ့ folder လေးကို select လုပ်ပြီးထည့်ပါ။ပြီးရင် မိမိဖုန်းနဲ့ကိုက်ညီမယ့် logo ဆိုဒ်ကိုရွေးချယ်ပြုပြင်ပါ။ဖုန်းရဲ့size ထက် logo size ကကြီးလွန်းနေရင် စက်ကမပွင့်နိုင်ဘဲ firmware ကျတတ်ပါတယ်။{{မိမိဖုန်းရဲ့ logo size ကိုသိချင်လျှင် install လုပ်ထားတဲ့ root explorer ကိုဖွင့်ပါ။box လေးတက်လာလျှင် Allow ဆိုတာကိုနှိပ်ပါ။ပြီးရင်တော့ cust ဆိုတဲ့ folder ကိုရှာပါ။တစ်ချို့ဖုန်းတွေက system folder ကနေဝင်ရောက်ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ cust နဲ့ပဲပြောပြပါမယ်။cust folder ထဲကိုနှိပ်ဝင်ပါ။ပေါ်လာတဲ့အထဲက media ကိုထပ်နှိပ်ဝင်ပါ။Bootanimation.zip နဲ့ Shutdownanimation.zip ဆိုတဲ့ zip ဖိုင်တွေ တွေ့ပါမယ်။အဲ့လိုမှမတွေ့ဘူးဆိုရင် cust စာမျက်နှာက system ဆိုတဲ့ထဲကို ဝင်ရှာပါ။Bootanimation.zip ဆိုတာက ဖုန်းအဖွင့် အတွက်ပါ။shutdownanimation.zip ဆိုတာကဖုန်းအပိတ်အတွက်ပါ။မိမိက ဖုန်းအဖွင့်အတွက်ထားချင်တယ်ဆိုရင် Bootanimation.zip ကိုနှိပ်ပါ။ပေါ်လာတဲ့အထဲက စာရွက်ပုံစံ (dest.txt) ကိုနှိပ်လိုက်ပါ။အဲ့ဒီမှာ
(နမူနာ-480 800 24
p 1 0 part0
p 0 0 part1)
လို့တွေ့ပါမယ်။480 800 ဆိုတာက ဖုန်းရဲ့ logo ဆိုဒ်ပါ။(ဖုန်းအမျိုးအစားအလိုက် မတူပါ။)24 ဆိုတာက လှုပ်ရှားမယ့် အမြန်နှုန်းပေါ့ဗျာ။မိမိထားချင်သလောက်ရပါတယ်။မြန်လွန်းရင်လဲ မကောင်းပါဘူးနော။}} မိမိပြုပြင်ထားတဲ့ folder ထဲမှာ part0 folder နဲ့ part1 folder ရှိမယ်ဆိုရင် အောက်ကပုံအတိုင်း လိုက်လုပ်လိုက်ပါ။တစ်ခုထဲရှိလဲ တစ်ခုပေါ့နော်။
ပြီးရင် ရလာတဲ့folder လေးကို နာမည်ပြောင်းပါမယ်။အဖွင့်မှာထားမယ်ဆို bootanimation.zip လို့ပြောင်းပါ။root explorer ထဲမှတဆင့် မူလ bootanimation.zip ရှိရာသို့ အပေါ်ကဖော်ပြခဲ့သလိုသွားပါ။root explorer ရဲ့အပေါ်နားက r/o ကို r/w ဖြစ်အောင်နှိပ်လိုက်ပါ။မူလ bootanimation.zip ဖိုင်ကို ဖျက်လိုကဖျက်၊မဖျက်လိုက SDကဒ်ရဲ့ တနေရာရာ မှာသိမ်းလိုက်ပါ။ပြုပြင်ထားသော မိမိရဲ့bootanimation.zip ဖိုင်ကို အစားထိုးထည့်ပါ။ပြီးရင် ဖိထားပြီး permission ကို rw_r_r ဟုပေးလိုက်ပါ။ဖုန်းအပိတ်မှာထားချင်ရင်တော့ shutdownanimatiom.zipဟုပြောင်းပြီးအပေါ်ကအတိုင်း အစားထိုးပါ။permission ပေးလိုက်ပါ။အဓိက ကတော့ မိမိအစားထိုးမယ့် မူလဖိုင်ရဲ့အမည်အတိုင်း ပြန်ရေးပေးရမှာပါ။အားလုံးပြီးသွားပြီဆိုရင် ဖုန်းကို restart ချလိုက်ပါ။မိမိပြုပြင်ထားတဲ့အတိုင်း မြင်တွေ့ရမှာပါ။လိုအပ်ချက်ကတော့ အမြဲရှိနေမှာပါ။ကျွန်တော်ပြောပြတာ မပြည့်စုံဘူး၊လိုအပ်တယ်လို့ထင်ရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။ကျွန်တော့လိုမျိုး ကလိချင်၊လက်တည့်စမ်းချင်သူများအတွက်ပါ။အခက်အခဲတစ်စုံတစ်ရာရှိရင် http://eagletzawlay.blogspot.com ရဲ့Cbox ထဲမှာဝင်ရောက်ပြောကြားခဲ့နိုင်ပါတယ်ခင်္ဗျာ။
[ ဒီ apk တွေကို ဗိုလ်လှိုင်း(နည်းပညာ)ဆိုဒ်မှ ဒေါင်းပြီး ကိုယ်တိုင် ကလိလို့ ရလာတဲ့လုပ်နည်းအတိုင်း ဒီ pdf စာအုပ်လေးကို ဖန်တီးလိုက်တာပါ။အားလုံးပဲ အဆင်ပြေပါစေလို့ဆုတောင်းလျှက်.....]
Labels:
pdf စာအုပ်များ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အဆင်ပြေပါစေ