Wednesday, November 19, 2014

ဖုန်း patten lock ဖြေနည်း

(ကျ​နော်​မအားလို့ မဝင်​ဖြစ်​လိုက်​ဘူးဗျာ လင့်​​သေသွားတယ်​ဆိုလို့ပြန်​ပြင်​​ပေးထားပါတယ်​ဗျာ)
ဒီတစ်ခါတော့ ဖုန်းpasswordမေ့တတ်သူတဲ့သူ များအတွက်ဖြေရှင်းနည်းလေးပါ။သိပြီသားတွေလည်းရှိကြမှာပါ။မသိသေးသူများအတွက်ပေါ့။ဆိုင်းကို ၃၀၀၀/၄၀၀၀ အလဟသ သွားပေးမနေရအောင် ဒီနည်းလေးကိုသိထားသင့်ပါတယ်။လော့မေ့ပြီဆိုရင်
ပထမနည်း။ ။ ဘက္ထရီကိုခဏဖြုတ်လိုက်ပါ။ပြီးရင် ပြန်တပ်ပြီး recovery mode ကိုဝင်ပါ။ recovery mode ဝင်နည်းက Handset တစ်ခုနှစ်တစ်ခု မတူပါ။HUAWEI ဆိုရင်ရင် Power ခလုတ်နဲ့ Volume up(အသံချဲ့ခလုတ်)တို့ကိုတွဲပြီးနှိပ်ထားပါ။လိုဂိုပေါ်ပြီးAndroidပုံလေးပ်ါတဲ့အထိနှိပ်ထားပေးပါ။Samsung ဆိုရင်တော့ power+volume down+home key တို့ကိုတွဲနှိပ်ပါ။ပေါ်လာတဲ့စာကြောင်းတွေထဲက wipe data/factory reset ကိုvolume up/down ကိုနှိပ်၍ရွေ့ပြီး power ကိုနှိပ်ပါ။ပြီးရင် yes ကိုနှိပ်ပါ။ခဏစောင့်ပါ။အောက်နားမှာစာတန်းလေးတွေတက်လာပြီး complet ဆိုတာတွေ့ရင် အပေါ်ဆုံး reboot system now ကို နှိပ်လိုက်ပါ။ဖုန်းပြန်ပွင့်ရင် password တောင်းတာပျောက်ပြီး ဝယ်ကာစမူရင်းအတိုင်းပြန်ဖြစ်သွားပါမယ်။ဒီနည်းကတော့ မိမိဖုန်းထဲက apk တွေ၊content တွေတော့ပျက်သွားပါမယ်။
ဒုတိယနည်း။ ။အရင်ဆုံး patten lock ဖြေတဲ့ဇစ်ဖိုင်လေးကို အောက်မှာဒေါင်းပြီး sd ရဲ့တနေရာမှာသိမ်းထားပါ။ပြီးရင် အပေါ်ကအတိုင်း recovery mode ဝင်ပါ။install zip from SD ဆိုတဲ့စာကြောင်းကို နှိပ်ပါ။ခုဏကဇစ်ဖိုင်ထားတဲ့နေရာထိရွေးပေးပြီး yes/install ကိုနှိပ်ပါ။reboot ကျသွားပြီးပြန်တက်လာရင်လော့ပျောက်သွားပါမယ်။ဒီနည်းကတော့ တခါတရံ အချို့ data တွေပျက်တတ်ပါတယ်။pin patten ဇစ်ဖိုင်ကိုအောက်မှာဒေါင်းပါ။

***Download Here***

အပေါင်းအသင်းတို့ရဲ့စကားတစ်ခွန်း၊စာကြောင်းတစ်ကြောင်းဟာ ကျနော့်အတွက်အားဆေးမို့ဘလော့ရဲ့ ညာဘက်က Cbox မှာတစ်ခုခုပြောခဲ့စေချင်ပါတယ်ဗျာ။

www.eagletzawlay.blogspot.com

ကိုယ်ပိုင် music application ပြုလုပ်နည်း



ကိုယ်ပိုင် music apk လုပ်ချင်သူများအတွက်
အရင်ဆုံးလိုအပ်တဲ့ apk တွေကိုအောက်မှာ ဒေါင်းပါနော်။pc အတွက်ပါပဲ။

music application maker

ဒေါင်းရန်နှိပ်ပါ

ဒေါင်းပြီးပါက
java.exe

ဒေါင်းရန်နှိပ်ပါ
ဒေါင်းပြီးရင် java.exeကိုအရင် run ပါ။ပြီးလျှင် music application maker ကိုသွင်းပါ။
အဆင့်(၁) ။music application maker ကိုဖွင့်ပါ။ပြီးလျှင် Add musics ကိုနှိပ်ပြီး မိမိထည့်မယ့်သီချင်းဖိုင်ထဲက သီချင်းများကိုထည့်ပါ။(အပုဒ် ၅၀ ခန့်သာထည့်ပါ။များလျှင်လေးသွားပါလိမ့်မည်။)
အဆင့်(၂) ။သီချင်းထည့်ပြီးပါက Build ကိုနှိပ်ပါ။Application icon ဆိုတာသင့်ဖုန်းမျက်နှာပြင်မှာတွေ့ရမယ့်ပုံကိုပြောတာပါ။ကြိုက်နှစ်သက်ရာပုံရွေးပါ။(ပုံထည့်ရန် browser ကိုနှိပ်ပါ။)background ကတော့ app ဖွင့်ရင်ပေါ်မယ့် ပုံပါ။ကြိုက်ရာပုံပေါ့နော်။(ပုံထည့်ရန် browser ကိုနှိပ်ပါ။)အကုန်လုပ်ပြီးရင် Next ကိုနှိပ်ပါ။
အဆင့်(၃) ။နှစ်ခုတွေ့ပါမယ်။အပေါ်ကဟာကိုကလစ်လုပ်ပြီး password နေရာမှာ 123456 ကိုထည့်ပြီးNext ကိုနှိပ်ပါ။finishကမပေါ်ပါဘူး။(ကျနော်တော့ အပေါ်နဲ့မရလို့ အောက်ကပုံလေးနဲ့ဟာကိုကလစ်လုပ်လိုက်ပါတယ်။ဒုတိယအကြောင်းနဲ့တတိယအကြောင်းမှာ 123456 ကိုနှစ်ခုလုံးထည့်ပါ။next ကိုနှိပ်ပါ။
အဆင့်(၄) ။
music name;-;။ ဥပမာ။Eagletzawlay
Package prefix;-;။ဥပမာ။com.zawlay.music
Package name;-;။ဥပမာ။zawlay.com
version code မှာကြိက်ရာထည့်ပါ။
version name မှာလဲကြိုက်ရာ version ပေးပါ။(ဥပမာ ။2.0ပေါ့)အကုန်ပြီးရင် Next ကိုနှိပ်ပါ။
အဆင့်(၅) ။သင့် apk ကိုရရှိရန် finish ကိုနှိပ်ပါ။ဒါဆိုရင် သင် apk.တစ်ခုကိုအောင်မြင်စွာလုပ်ဆောင်လို့ပြီးသွားပါပြီ။ဖုန်းထဲ install လုပ်ပြီးဖွင့်ကြည့်လိုက်ပါနော်။
ဒီလုပ်နည်းကိုဦးအာကာဆိုဒ်က ကူးယူဖော်ပြထားပါတယ်။တစ်ချို့နေရာတွေမှာ သူပြောသလိုလုပ်မရတဲ့အတွက် ကျနော်လုပ်လို့ရတဲ့အတိုင်း ပြင်ဆင်ရေးသားထားပါတယ်ခင်္ဗျာ။ဖုန်းနဲ့ပဲတင်နေရတာမို့ ပုံတွေနဲ့တွဲပြီးတင်မပေးနိုင်တာ ခွင့်လွှတ်နားလည်ပေးပါနော်။သူငယ်ချင်းတို့ရဲ့စကားတစ်ခွန်း၊စာကြောင်းတစ်ကြောင်းက ကျနော့အတွက် အားဆေးတစ်ခုပဲမို့ အပေါင်းအသင်းအားလုံးပဲကျနော့်ဘလော့ရဲ့ ညာဘက်က C box မှာတစ်ခုခုပြောခဲ့ကြပါဦးနော်။အားလုံးပဲ အဆင်ပြေကြပါစေ လို့ဆုတောင်းပေးပါတယ်နော်။


www.eagletzawlay.blogspot.com www.eagletzawlay.blogspot.com

Tuesday, November 11, 2014

Y320-C00က 1Xဆိုတဲ့ဖုန်းလိုင်းပျောက်လို့ဖုန်းခေါ်မရသူများအတွက်



1X လိုင်းပျောက်ပြီးဖုန်းခေါ်မရလို့ဆိုပြီး သူငယ်ချင်းတစ်ယောက်က သူ့ဖုန်း Huawei Y320-C00 ကိုလာပေးပါတယ်။ကြည့်ပြီးဖျက်ဆီးပေးပါဦးတဲ့။ဟုတ်ပါ့ ကျွန်တော် က ပြင်မှမပြင်တတ်တာကိုး။အဲ့ဒါနဲ့ဟိုလှန်ဒီလှန်ရှာရင်း လုပ်နည်းတွေလည်းတွေ့လို့လုပ်ကြည့်တယ် ကျနော်ညံ့လို့ မရတာလို့ထင်တာပဲ။နောက်တော့ ဒီ apk လေးကိုတွေ့ပြီးလုပ်လိုက်တော့ ok မှာ စိုပြေသွားတာပေါ့။ဒီapk ကိုသုံးမယ်ဆို rootရှိပြီးသားဖြစ်ရပါမယ်။သုံးရလွယ်ပါတယ်။ပြထားတဲ့အတိုင်းနှိပ်ပါ။auto restart ကျပီးပြန်တက်လာရင်ရပါပြီ။ကျနော်ရှာတွေ့တဲ့မူရင်းလင့်ပဲတင်ပေးလိုက်ပါတယ်။အရင်ထားသူကို ကျေးဇူးတင်လေးစားသောအားဖြင့်ပေါ့။အသုံးလိုမဲ့သူများ ဆိုင်ကိုမပြေးရအောင် အောက်မှာဒေါင်းပါနော်။


***Download Here***

ဖုန်းအဖွင့်အပိတ် logo ပြောင်းရန်



ဒီပို့လေးကို pdf အဖြစ်လိုချင်ရင်
ဒေါင်းရန် ***Download Here***

သူငယ်ချင်းတို့ ဖုန်းအဖွင့်အပိတ်မှာ နဂိုပါတဲ့ ဒီဇိုင်းအဟောင်းကြီးကို ပြောင်းပစ်ပြီး ဒီဇိုင်းဆန်းဆန်းလေးနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ Logo ဒီဇိုင်းလေးထားကြမယ်။လုပ်နည်းကိုနားလည်အောင် သေချာရှင်းပြသွားပါ့မယ်။ဒီလိုလုပ်မယ်ဆိုရင် မိမိဖုန်းဟာ root ပေါက်ပြီးသားတော့ ဖြစ်ဖို့မယ်နော်။လိုအပ်တဲ့ဆော့ဝဲတွေကတော့ Root Explorer.apk,BootAnimation.apkတွေပါ။အောက်အဆင့်တွေမှာကွန်ပျူတာနဲ့လုပ်မယ့်သူအတွက်တော့ BootAnimationcreator လေးပါလိုအပ်ပါတယ်။
အရင်ဆုံးလိုအပ်တဲ့ဆော့ဝဲတွေကို ဒီ
***Download***
ကိုနှိပ်ပြီး ရယူပါ။ရလာတဲ့ဆော့ဝဲတွေထဲမှာမှ Bootanimation apk နဲ့ Root explorer apk ကိုမိမိဖုန်းတွင် install လုပ်ပါ။internet ဖွင့်ပါ။Bootanimation apk ထဲဝင်ပြီး မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကိုရွေးပြီး ဒေါင်းပါ။ဘေးမှာအမှန်ခြစ်လေးပြသွားရင်တော့ ဒေါင်းလို့ပြီးပါပြီ။အဲ့ဒီ ဒီဇိုင်းကို နှိပ်လိုက်ပါ။ပေါ်လာတဲ့အကွက်ထဲက install ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြီးရင် ဖုန်းကို restart ချကြည့်လိုက်ပါ။မိမိထားလိုက်တဲ့ ဒီဇိုင်းလေး စတင်ပေါ်လာပါလိမ့်မယ်။ဒါကတော့ အလွယ်နည်းပေါ့နော်။
ကွန်ပျူတာရှိတဲ့သူငယ်ချင်းများအနေနဲ့ ဒါထက်မက ဆန်းဆန်းလေးနဲ့ မိမိထားချင်တဲ့ စာသားလေးတွေ(ဥပမာ-မိမိအမည်ပေါ့) ပြေးလွှားနေတဲ့ဒီဇိုင်းလေး ဖန်တီးချင်တယ်ဆိုရင်တော့ အရင်ဆုံး မိမိထားချင်တဲ့ဒီဇိုင်းလေးကို bootanimation apk နဲ့အရင်ဒေါင်းပါ။ရလာတဲ့ Zip ဖိုင်လေးကို ဖြည်ပြီး မိမိကွန်ပျူတာ ထဲမှာ ထားပါ။ပြီးရင် အထဲမှာပါတဲ့ ပုံလေးတွေအပေါ်မှာ တစ်ပုံကိုတစ်လုံးကျ ကိုယ်ကြိုက်တဲ့၊ပိုင်နိုင်တဲ့နည်းနဲ့ရေးပါ။ကြိုက်နှစ်သက်တဲ့ အမည်လေးတွေဖန်တီးပြီးသွားပြီဆိုရင် အပေါ်တုန်းက ဒေါင်းလို့ရလာတဲ့ apk တွေထဲက bootanimationcreatot လေးကို ကွန်ပျူတာပေါ်မှာ run လိုက်ပါ။ပြီးရင်မိမိပြုပြင်ထားတဲ့ folder လေးကို select လုပ်ပြီးထည့်ပါ။ပြီးရင် မိမိဖုန်းနဲ့ကိုက်ညီမယ့် logo ဆိုဒ်ကိုရွေးချယ်ပြုပြင်ပါ။ဖုန်းရဲ့size ထက် logo size ကကြီးလွန်းနေရင် စက်ကမပွင့်နိုင်ဘဲ firmware ကျတတ်ပါတယ်။{{မိမိဖုန်းရဲ့ logo size ကိုသိချင်လျှင် install လုပ်ထားတဲ့ root explorer ကိုဖွင့်ပါ။box လေးတက်လာလျှင် Allow ဆိုတာကိုနှိပ်ပါ။ပြီးရင်တော့ cust ဆိုတဲ့ folder ကိုရှာပါ။တစ်ချို့ဖုန်းတွေက system folder ကနေဝင်ရောက်ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ cust နဲ့ပဲပြောပြပါမယ်။cust folder ထဲကိုနှိပ်ဝင်ပါ။ပေါ်လာတဲ့အထဲက media ကိုထပ်နှိပ်ဝင်ပါ။Bootanimation.zip နဲ့ Shutdownanimation.zip ဆိုတဲ့ zip ဖိုင်တွေ တွေ့ပါမယ်။အဲ့လိုမှမတွေ့ဘူးဆိုရင် cust စာမျက်နှာက system ဆိုတဲ့ထဲကို ဝင်ရှာပါ။Bootanimation.zip ဆိုတာက ဖုန်းအဖွင့် အတွက်ပါ။shutdownanimation.zip ဆိုတာကဖုန်းအပိတ်အတွက်ပါ။မိမိက ဖုန်းအဖွင့်အတွက်ထားချင်တယ်ဆိုရင် Bootanimation.zip ကိုနှိပ်ပါ။ပေါ်လာတဲ့အထဲက စာရွက်ပုံစံ (dest.txt) ကိုနှိပ်လိုက်ပါ။အဲ့ဒီမှာ
(နမူနာ-480 800 24
p 1 0 part0
p 0 0 part1)
လို့တွေ့ပါမယ်။480 800 ဆိုတာက ဖုန်းရဲ့ logo ဆိုဒ်ပါ။(ဖုန်းအမျိုးအစားအလိုက် မတူပါ။)24 ဆိုတာက လှုပ်ရှားမယ့် အမြန်နှုန်းပေါ့ဗျာ။မိမိထားချင်သလောက်ရပါတယ်။မြန်လွန်းရင်လဲ မကောင်းပါဘူးနော။}} မိမိပြုပြင်ထားတဲ့ folder ထဲမှာ part0 folder နဲ့ part1 folder ရှိမယ်ဆိုရင် အောက်ကပုံအတိုင်း လိုက်လုပ်လိုက်ပါ။တစ်ခုထဲရှိလဲ တစ်ခုပေါ့နော်။

ပြီးရင် ရလာတဲ့folder လေးကို နာမည်ပြောင်းပါမယ်။အဖွင့်မှာထားမယ်ဆို bootanimation.zip လို့ပြောင်းပါ။root explorer ထဲမှတဆင့် မူလ bootanimation.zip ရှိရာသို့ အပေါ်ကဖော်ပြခဲ့သလိုသွားပါ။root explorer ရဲ့အပေါ်နားက r/o ကို r/w ဖြစ်အောင်နှိပ်လိုက်ပါ။မူလ bootanimation.zip ဖိုင်ကို ဖျက်လိုကဖျက်၊မဖျက်လိုက SDကဒ်ရဲ့ တနေရာရာ မှာသိမ်းလိုက်ပါ။ပြုပြင်ထားသော မိမိရဲ့bootanimation.zip ဖိုင်ကို အစားထိုးထည့်ပါ။ပြီးရင် ဖိထားပြီး permission ကို rw_r_r ဟုပေးလိုက်ပါ။ဖုန်းအပိတ်မှာထားချင်ရင်တော့ shutdownanimatiom.zipဟုပြောင်းပြီးအပေါ်ကအတိုင်း အစားထိုးပါ။permission ပေးလိုက်ပါ။အဓိက ကတော့ မိမိအစားထိုးမယ့် မူလဖိုင်ရဲ့အမည်အတိုင်း ပြန်ရေးပေးရမှာပါ။အားလုံးပြီးသွားပြီဆိုရင် ဖုန်းကို restart ချလိုက်ပါ။မိမိပြုပြင်ထားတဲ့အတိုင်း မြင်တွေ့ရမှာပါ။လိုအပ်ချက်ကတော့ အမြဲရှိနေမှာပါ။ကျွန်တော်ပြောပြတာ မပြည့်စုံဘူး၊လိုအပ်တယ်လို့ထင်ရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။ကျွန်တော့လိုမျိုး ကလိချင်၊လက်တည့်စမ်းချင်သူများအတွက်ပါ။အခက်အခဲတစ်စုံတစ်ရာရှိရင် http://eagletzawlay.blogspot.com ရဲ့Cbox ထဲမှာဝင်ရောက်ပြောကြားခဲ့နိုင်ပါတယ်ခင်္ဗျာ။
[ ဒီ apk တွေကို ဗိုလ်လှိုင်း(နည်းပညာ)ဆိုဒ်မှ ဒေါင်းပြီး ကိုယ်တိုင် ကလိလို့ ရလာတဲ့လုပ်နည်းအတိုင်း ဒီ pdf စာအုပ်လေးကို ဖန်တီးလိုက်တာပါ။အားလုံးပဲ အဆင်ပြေပါစေလို့ဆုတောင်းလျှက်.....]

Friday, November 7, 2014

myanmar flag wallpaper.apk

မြန်မာနိုင်ငံအလံလေးနဲ့ wallpaper လေးပါ။မိမိရေးချင်တဲ့ စာလေးတွေလဲရေးလို့ရပါတယ်။ကျန်တာတေါ့ လုပ်ကြည့်ပေါ့နော်။လွယ်ပါတယ်။ အောက်မှာဒေါင်းပါနော်။

***Download Here

***Download Here***

Thursday, November 6, 2014

blog စာအုပ်များ



ကိုယ်သိသလောက်ဘလော့မှာဝေမျှချင်သူဘော်ဒါများအတွက် blog လုပ်နည်းနဲ့ဘလော့ဆိုင်ရာစာအုပ်လေးတွေပါ။ကျနော်ရေးတာဟုတ်ဘူးနော်။သူများရေးထားတာတွေဒေါင်းပြီးzip fileလေးနဲ့စုပြီးတင်ပေးလိုက်တာပါ။လိုချင်သူများအောက်မှာဒေါင်းပါနော်။


***Download Here***

http://eagletzawlay.blogspot.com

softwareမလိုပဲGSM Network modပြောင်းနည်း

အချို့ GSM android ဖုန်းရဲ့ Custom ROM ပဲဖြစ်ဖြစ်၊Official ROM ပဲဖြစ်ဖြစ် Network Preferred မပါတဲ့အခါ 3G တက်အောင် ဆော့ဝဲလ်မလိုဘဲလုပ်တဲ့နည်းပါ။ကိုယ်ကြိုက်တဲ့ Network ကိုသုံးလို့ရပါတယ်။သိပြီးလို့သုံးဖူးတဲ့သူတွေ လည်းရှိပါတယ်။မသိသေးတဲ့သူများ အတွက်ပါ။အမှားပါခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးပါ။
အရင်ဆုံး Dial ကိုဖွင့်ပြီး *#*#4636#*#* ကိုရိုက်လိုက်ပါ။Phone Testing ဆိုပြီးကျလာပါလိမ့်မယ်။အဲ့ဒီထဲက Phone Information ကိုနှိပ်လိုက်ပါ။အောက်နားမှာ ကိုယ်ကြိုက်တဲ့ network ကိုပြောင်းပြီး back နဲ့ပြန်ထွက်လိုက်ပါ။reboot ချစရာလည်းမလိုပါဘူး။အင်တာနက်ဖွင့်လိုက်ရင်ခုဏကရေးထားတဲ့ network အတိုင်းတက်လာပါလိမ့်မယ်။
အားလုံးအဆင်ပြေပါစေနော်။ဒီပို့လေးကို pdf အဖြစ်ဖုန်းနဲ့စမ်းပြီးလုပ်ကြည့်ထားပါတယ်။လိုချင်ရင်အောက်မှာဒေါင်းပါနော်။



***Download Here***




***Download Here***

Welcome

Wednesday, November 5, 2014

facebook video downloder.apk



facebook သုံးနေတဲ့ဘော်ဒါတွေအတွက် facebook video downloader လေးတင်းပေးလိုက်ပါတယ်။အသုံးလိုမယ့်သူ များ အောက်မှာဒေါင်းပါနော်။


***Download Here***

http://eagletzawlay.blogspot.com

Tuesday, November 4, 2014

HUAWEI root guide pdf

HUAWEI Handset ကိုကိုင်ဆောင်ထားသူ ဘော်ဘော်များအတွက် rootလုပ်နည်း firmware တင်နည်းများပါဝင်တဲ့ HUAWEI root guide ဆိုတဲ့ pdf စာအုပ်လေးတင်ပေးလိုက်တယ်နော်။HUAWEI ကိုင်ဆောင်သူတိုင်းဖတ်သင့်တယ်ထင်တဲ့ စာအုပ်လေးပါ။လိုအပ်သူများအောက်မှာ ဒေါင်းပါနော်။


***Download Here***

***ဒီမှာလာလည်ပါဦးနော်***

Saturday, November 1, 2014

call log monitor.apk



Call Log Monitor v.1.9.0.'apk လေးပါ။ဒီapk လေးကဘာလုပ်လို့ရမလဲဆိုတော့ မိမိဖုန်းထဲကို ဖုန်းမဝင်ဘဲဝင်သလိုလုပ်ထားခြင်း၊msg မဝင်ဘဲဝင်အောင်လုပ်ထားနိုင်သလို ကိုယ်မတွေ့ချင်၊မမြင်ချင်တဲ့ msg တွေဝင်လာရင် auto ဖျက်ပေးမဲ့ apk လေးပါ။သုံးချင်သူများ အောက်မှာဒေါင်းနိုင်ပါပြီ။


***Download Here***

http://eagletzawlay.blogspot.com

Jewels Star 3.1 APK

Jewels Star 3.1 APK
ကလေးလူကြီး မည်သူမဆိုကစားနိုင်တဲ့ ဂိမ်းလေးပါ။ကစားရတာအရမ်းလွယ်ကူပြီး ရိုးရှင်းတဲ့ levelတွေနဲ့ အချိန်ကုန်မှန်းမသိရလိုက်အောင် ကစားလို့ကောင်းတဲ့ဂိမ်းလေးပါ။မိန်းကလေးတော်တော်များများကစားကြပါတယ်။အပျင်းပြေကစားချင်တယ်ဆို ရင်အောက်မှာဒေါင်းလိုက်ပါနော်။လိုင်းမကောင်း လို့သူလင့်ကိုပဲရှယ်ပေးလိုက်ပါတယ်နော်။


 ***Download Here***

http://eagletzawlay.blogspot.com