Friday, October 31, 2014

ဖုန်းတစ်လုံးတည်းနဲ့ facebook အကောင့်များစွာသုံးနိုင်တဲ့apk



ဖုန်းတစ်လုံးထဲမှာ facebook account များစွာသုံးနိုင်မယ့် apk လေးပါ။facebook အကောင့်ပေါင်းများစွာနဲ့အသုံးပြုနေတဲ့သူများအတွက် အဆင်ပြေပါတယ်။လွယ်ကူလို့ရှင်းမပြတော့ပါဘူး။အသုံးတည့်မည့်သူများအောက်မှာဒေါင်းပါနော်။

Download Here

ဒါလေးနှိပ်ပြီးကျွန်တော်ဆီကိုအလည်ပါဦးနော်

Wednesday, October 29, 2014

Root စစ်မယ်.apk

Root စစ်မယ်.apk

မိမိဖုန်းမှာ root ရှိ/မရှိ သိရအောင် စစ်ဆေးပေးမယ့် Rootစစ်မယ်ဆိုတဲ့ apk လေးပါ။တခြားသူဆီကဆွဲလာတာကိုပြန်တင်ပေးလိုက်တာပါ။အသုံးပြုလိုသူများ အောက်တွင်ဒေါင်းနိုင်ပါပြီ။

                 ***Download Here***


     http://eagletzawlay.blogsport.com

Wifi protector.apk

အခုတင်ပေးလိုက်တဲ့ apk လေးကတော့ မိမိအသုံးပြုနေတဲ့ Wifi ကိုတိုက်ခိုက်ထိုးနှက် ဖြတ်တောက်လို့မရအောင် ကာကွယ်ပေးမယ့် Wifi protector ဆိုတဲ့ application လေးပါ။
-မိမိအသုံးပြုနေတဲ့ wifi လိုင်းကောင်းမွန်နေပါက status icon လေးက အပြာရောင်ပြနေပြီးတော့ တိုက်ခိုက်ခံရပါက အနီရောင်သို့ပြောင်းလဲပြသမှာဖြစ်ပါတယ်
-ဒီ apk ကိုအသုံးပြုဖို့ဆိုရင် မိမိဖုန်းဟာ root ရှိပြီးသားဖြစ်ရပါမယ်။
-အသုံးပြုမယ်ဆိုရင် အောက်ကလင့်မှဒေါင်းပါ။

                                    ***Download Here***

   
     http://eagletzawlay.blogspot.com

root cleaner.apk



အကြောင်းအမျိုးမျိုးကြောင့် မိမိဖုန်းက rooted ကိုပြန်ဖျက်ချင်သူများအတွက်ဒီ apk လေးကိုတင်ပေးလိုက်ပါတယ်။root cleaner.apk လေးပါ။ကျွန်တော်တော့ သုံးမကြည့်ရသေးပါဘူး။အသုံးပြုချင်သူများ အောက်မှာဒေါင်းပါနော်။


                            ***Download Here*** 
    
လင်းယုန်လေး(ရွှေတောင်) 

Saturday, October 25, 2014

zipဖြေတဲ့ apk လေးပါ




zip ဖိုင်တွေကိုဖုန်းထဲမှာပဲဖြေနိုင်ဖို့အတွက် zipper ဆိုတဲ့ apk လေးကိုတင်ပေးလိုက်ပါတယ်နော်။zip ဖြေတဲ့ apk တွေများပါတယ်။အဲ့ဒီထဲကမှဒီ apk လေးကိုပဲကျွန်တော် တင်ပေးလိုက်တာပါ။ကျွန်တော်လည်း အဲ့ဒါပဲ သုံးနေတာပါ။လိုချင်တဲ့သူများ အောက်မှာဒေါင်းပါနော်။

***Download Here***

http://eagletzawlay.blogspot.com

Titanium backup.apkလေးပါ

အခုတစ်ခေါက်တော့Backup ကောင်းလေးတစ်ခုကိုတစ်ခုကိုတင်ပေးလိုက်ပါတယ်။Titanium backup apk လေးပါ။ဒီကောင်လေးကိုအသုံးပြုမယ်ဆိုရင်တော့မိမိဖုန်းဟာ root ဖောက်ပြီးသားတော့ဖြစ်ရပါမယ်။ ဘယ်လိုကောင်းလဲပြောပြမယ်နော်။ဒီကောင်လေးနဲ့မိမိရဲ့အရေးကြီးတဲ့data တွေSDကတ်ထဲbackupလုပ်နိုင်ပါတယ်။ဥပမာပေါ့ဗျာ viberကိုလက်ရှိအသုံးပြုနေတဲ့အတိုင်းဒီကောင်လေးနဲ့backupလုပ်ထားလိုက်ပါ။အကြောင်းတစ်ခုခုကြောင့်ဖုန်းကိုfactory resetချရပြီဆိုပါစို့။ SD ကဒ်ထဲက backup folder တော့မဖျက်မိစေနဲ့ပေါ့ဗျာ။ပြီးရင် ဒီကောင်လေးကိုပြန်install လုပ်ပြီး backup လုပ်ထားတဲ့ viberကို ပြန်restore ပြန်လုပ်လိုက်ပါ။viber code ပြန်တောင်းစရာမလိုတဲ့အပြင်မိမိbackupလုပ်ထားတုန်းကအတိုင်းရှိတဲ့မက်ဆေ့တွေကိုပါပြန်ရမှာဖြစ်ပါတယ်။gameဆိုရင်လည်း မိမိ backup လုပ်ထားတုန်းကအဆင့်အတိုင်း ပြန်ဆော့လို့ရပါတယ်။ကျွန်တော်ကိုယ်တိုင်လက်တည့်စမ်းပြီးပါပြီ။တစ်ကယ်ရလို့တင်ပေးလိုက်တာပါ။နောက်ပြီးဒီကောင်လေးကsystem apkတွေကိုဖျက်လို့ရတဲ့အပြင်မိမိကြိုက်တဲ့ apkကိုလည်းsystem apk အဖြစ်လုပ်လို့ရတယ်လို့ညွှန်းထားတယ်ဗျ။ဟဲဟဲ အဲ့ဒါတော့ ကျနော်ညံ့လို့ပဲလားမသိဘူး ဒီ apk နဲ့လုပ်လို့မရဘူး။ကိုယ့်ဘာသာတစ်ခြားနည်းနဲ့ပဲလုပ်လို့ရတယ်။သိချင်တဲ့သူရှိရင်တော့ပြောခဲ့ပါနော်။နောင်မှလုပ်နည်းပြောပြပါ့မယ်။ဘာပဲဖြစ်ဖြစ်ပါ ကျနော့လိုမျိုး factory reset ခဏခဏချရသူတိုင်း viber code ပြန်တောင်းနေရတဲ့ဒုက္ခကကင်းလွတ်သွားတာပေါ့ဗျာ။ဒီconnectionနဲ့ကသိတဲ့အတိုင်းပဲလေ။ကုဒ်တစ်ခါတစ်ခါရဖို့ကိုတစ်ခါတစ်လေ တစ်ပါတ်လောက်တောင်ကြာသွားတတ်တယ်လေ(ကုဒ်မတောင်းတဲ့ viber တော့ရှိပါတယ်တဲ့)။အခုတောင်လိုင်းက နေရာကွက်ကြားပျက်တောက်နေလို့ အလုပ်အားတုန်းလေး လိုင်းကောင်းတဲ့နေရာလာပြီးတင်ပေးရတာဗျို့။update တော့မဟုတ်ဘူးဗျ ကျနော်လည်းဒေါင်းထားတာကြာပြီလေ။ခုမှသုံးကြည့်ပြီးကောင်းလို့တင်ပေးလိုက်တာပါ။Titanium backup apkနဲ့Titanium backup pro apk နှစ်ခုစလုံးတင်ပေးလိုက်ပါတယ်။နှစ်ခုလုံးinstall လုပ်ရမှာပါ။သုံးချင်သူများအောက်မှာဒေါင်းပါနော်။



***Download Here***

http://eagletzawlay.blogspot.com

Friday, October 24, 2014

biohazard4 mobile edition.apk



ဒီ ဂိမ်းလေးကတော့biohazard 4 mobile edition.apk လေးပါ။အရင်ကတော့ pc မှာပဲဆော့လို့ရတဲ့ ဂိမ်းပါ။အခုတေါ့ Android မှာဆော့လို့ရပါပြီ။သေနတ်တွေ၊လက်ပစ်ဗုံးတွေဝယ်ပြီးအခန်းဆက်တွေနဲ့ဆော့ရမယ့်ဂိမ်းလေးပါ။သရဲတွေလိုကောင်တွေဆီကနေကောင်မလေးကို သွားကယ်ရတာပေါ့။ဆော့လို့အရမ်းကောင်းပါတယ်။ထွက်တာတေါ့ ကြာပြီထင်ပါတယ်။မသိသေးတဲ့ကျွန်တော့ဘော်ဒါများ အောက်ကလင့်မှာဒေါင်းပြီးကစားနိုင်ပါတယ်ဗျာ။


***Download Here***

http://eagletzawlay.blogspot.com

VidTrim.apk



mp4 ကနေ mp3 ကိုပြောင်းချင်တဲ့သူငယ်ချင်းတွေအတွက်Vidtrim.apkလေးပါ။mp 4 ကနေ mp3 ပြောင်းနိုင်ရုံပဲမဟုတ်ပါဘူး mp4 ကမိမိမလိုတဲ့အပိုင်းတွေကိုလည်း ဖြတ်ပစ်လို့ရပါတယ်။အသုံးလိုသူများအောက်တွင်ဒေါင်းနိုင်ပါပြီ။

***Download Here***


http://eagletzawlay.blogspot.com

Tuesday, October 21, 2014

Total SMS Control.apk


Total SMS Control.apk လေးပါ။မိမိချစ်သူက ဘယ်သူ့ဆီဖုန်းခေါ်သလဲဒါမှမဟုတ် ဘယ်သူကမက်ဆေ့ ပို့လဲဆိုတာကို မိမိကသိချင်နေတယ်ဆိုရင် ဒီ apk လေးကို ဆောင်ထားသင့်ပါတယ်။ဖုန်းအဝင်/အထွက်တိုင်း၊Miss callတိုင်းနဲ့SMS အဝင်/အထွက်တိုင်းကို သူမှတ်ထားတဲ့ contant name အတိုင်း မိမိဆီကို sms ပို့ပြီးသတင်းပို့နေမှာပေါ့ဗျာ။ကဲ အသုံးပြုပုံလေးပြောပြမယ်နော်(မသိသေးတဲ့ဘော်ဘော်တွေက်အတွက်ပါ)။အရင်ဆုံး ဒီ apk ကို မိမိချစ်သူရဲ့ဖုန်းထဲကိုinstall လုပ်ပြီး apk ကို ဝင်လိုက်ပါ။အရင်ဆုံးတွေ့ရမှာက ထိပ်ဆုံးမှာ Forwarding ၊ General ၊ Back Up ဆိုပြီးတွေ့ပါမယ်။Forwarding မှာအရင်ဝင်ပြင်ကြရအောင်။သူ့အောက်မှာ
Forward to Email
Forward to Twitter
Forward to SMS ဆိုပြီး ၃ခုတွေ့မယ်နော်။ ကိုယ့်ဆီကို Email နဲ့ပို့စေချင်ရင် Emailကိုရွေးပေါ့။ကျနော်ကတော့ sms ပဲရွေးလုပ်ပြပါမယ်။Forward to SMS ကိုနှိပ်ပါ။ပေါ်လာတဲ့စာတွေမှာ အမှန်ခြစ်တွေပေးလိုက်ပါ။ပြီးရင် back နဲ့ပြန်ထွက်ပါ။Parental Control Mode ကိုနှိပ်လိုက်လျှင် ပေါ်လာတဲ့အကွက်လေးထဲမှာ 54321 ဆိုတာတွေ့ပါမယ်။အဲ့ဒါကိုဖျက်ပြီးမိမိ နှစ်သက်ရာ ဂဏန်း၅လုံးရိုက်ထည့်ပြီး Save ၍ on လိုက်ပါ။အဲ့ဒါဆို screen မှာဒီ apk လေးပျောက်သွားပါလိမ့်မယ်။ပြန်ဖော်ချင်ရင်တေါ့ မိမိ save ထားတဲ့ ဂဏန်း၅လုံးကို ဖုန်းခေါ်တဲ့နေရာမှာဖုန်းခေါ်လိုက်ရင်ဒီ apk ထဲကိုပြန်ရောက်ပါမယ်။off ပြန်လုပ်ရင် ဒီapk ပြန်ပေါ်ပါမယ်။Enable Secure Uninstallation ကိုon လိုက်လျှင်ဒီapk ကို uninstall လုပ်မရအောင်ပါ။ပြန် off မှ uninstall လုပ်လို့ရပါမယ်။ပြီးရင် General ကိုသွားပါ။အောက်ဆုံးက Application Settings ရဲ့အောက်က Phone ID:Not specified ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်မှာ မိမိဖုန်းနံပါတ်ကိုဖြည့်လိုက်ပါ။ပြီးရင် save ပါ။ဒါဆိုရင် မင်းဘယ်သူနဲ့ဖုန်းပြောပြော ငါသိနေတယ်လေ လို့ပြောလို့ရပြီပေါ့။ကျန်တာတော့ ကိုယ့်ဘာသာကလိကြည့်ပေါ့နော။ဒီ apk ကို အောက်ကလင့်မှာဒေါင်းပါနော်။

>>>Download Here<<<



http://eagletzawlay.blogspot.com

Monday, October 20, 2014

Caller name talker.apk



ဒီapplication လေးကတော့ caller name talker.apk လေးပါ။ဖုန်းလာသည်ဖြစ်စေ၊SMS ရောက်သည်ဖြစ်စေ အသံလေးနဲ့အသိပေးမှာဖြစ်ပါတယ်။ ဥပမာ။ မိမိဖုန်း contant ထဲက Mg Mg ဆိုသူကဖုန်းခေါ်လျှင် ပထမ ring သံပေါ်လာပါမယ် ပြီးရင် Mg Mg calling ဆိုပြီးအသံပေးပါလိမ့်မယ်။ချွင်းချက်အနေနဲ့ကတော့ contant ထဲမှာ မြန်မာလိုရေးထားတဲ့အမည်ကိုတော့ မအော်ပေးပါဘူးခင်္ဗျာ။အသုံးပြုချင်သူများ အောက်မှာဒေါင်းပါနော်။
Download Here


http://eagletzawlay.blogspot.com

အရုံခံ.apk



ဖုန်းလာပြီဆိုရင် လက်နဲ့ဆွဲစရာမလိုပဲနား နားကိုကပ်လိုက်တာနဲ့ auto ဖုန်းကိုင်ပြီးသားဖြစ်စေမယ့် apk လေးပါ။အလုပ်မအားလပ်သူများအတွက် အဆင်ပြေပါတယ်။မြန်မာလို ဘာသာပြန်ထားတဲ့အတွက် သုံးရတာပိုအဆင်ပြေမှာပါ။android v.4.0 နဲ့အထက်ဖုန်းများ အသုံးပြုနိုင်ပါတယ်။ဖုန်းနဲ့ပဲတင်ပေးနေရတာမို့ screenshot တွေမတင်ပေးနိုင်တာ နားလည်ပေးပါနော်။လိုအပ်သူများ အောက်မှာဒေါင်းပါခင်္ဗျာ။

Download Here



http://eagletzawlay.blogspot.com

Sunday, October 19, 2014

Internet setting ချိန်နည်း



Internet setting ချိန်နည်းပါ အတော်များများကတော့သိပြီးသားပါ။အခုက မသိသေးသူများအတွက်ပါ။အမှားပါရင် ခွင့်လွှတ်ပါ။

GSM/WCDMA တို့အတွက်

Name - တွင်နှစ်သက်ရာပေးနိုင်သည်။
APN - တွင် mptnet ဟု ရိုက်ပေးရမည်။
User name - တွင် mpt
password - တွင်မဖြည့်ပါ။
MCC - တွင် 414 ဖြစ်နေရမည်။
MNC - တွင် 01 ဖြစ်နေရမည်။
Authentication type - တွင် CHAP ကိုရွေးပေးပါ။
APN Type တွင် Internet+mms ကိုရွေးချယ်ပေးရမည်။(တချို့တွင်မလိုအပ်ပါ။)

CDMA 800 MHz အတွက်

Name - တွင် နှစ်သက်ရာအမည်ပေးပါ။
APN - တွင် #777 ဟုပေးရမည်။
Proxy - တွင် ပေးစရာမလိုပါ။
Part - တွင် 80 ဟုပေးထားရမည်။
User name - တွင် mpt@c800.mm ဟု ရေးရမည်။
Password - တွင် #777 ဟုပေးရမည်။


၁၅၀၀တန် CDMA 800 MHz အတွက်

Name - တွင်နှစ်သက်ရာပေးနိုင်သည်။
APN - တွင် #777
User Name - တွင် card@c800.mm ဟုပေးပါ။
Password - တွင်နှစ်သက်ရာထည့်ပါ။
Authentication type - တွင် PAP or CHAP ထားပါ။
APN Type တွင် * တစ်ခုတည်းထားပါ။
Password - တွင် #777 ထားပါ။

ထည့်သွင်းပြီးနောက် ဖုန်းမှ Menu ကိုနှိပ်ပြီးSave ဟုရွေးပါ။မိမိဖြည့်ထားသော APN Name ကိုရွေးချယ်ပေးပါ။ပြီးလျှင် internet ဖွင့်ကြည့်ပါ။Internet Connection(Data Service) H သို့မဟုတ် E သို့မဟုတ် (3G) ဟုပေါ်လျှင် သုံးလို့ရပါပြီ။တချို့ကတော့ ဖုန်းကို Restart ချပြီးမှသုံး၍ရပါသည်။APN ထည့်သွင်းပုံသည် ဖုန်းအမျိုးအစား တစ်ခုနှင့်တစ်ခု မတူညီပါ။ယေဘူယျအားဖြင့်သာဖော်ပြထားခြင်းဖြစ်ပါသည်။အဆင်ပြေပါစေ။


http://eagletzawlay.blogspot.com

Thursday, October 16, 2014

Advenced Download Manager pro v.3.6.8

ဖုန်းကိုင်ဆောင်သူများအတွက် Advanced Download Manager pro v.3.6.8.လေးကို တင်ပေးလိုက်ပါတယ်။ဒီကောင်လေးကတော့ မိမိဒေါင်းချင်တာကို မြန်ဆန်စွာဒေါင်းနိုင်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းကြိုက်လို့သုံးနေပါတယ်။ဘော်ဒါတို့လည်းကြိုက်လို့သုံးမယ်ဆိုရင် အောက်မှာဒေါင်းလိုက်ပါနော်။




download Here


http://eagletzawlay.blogspot.com

Monday, October 13, 2014

မိမိဖုန်းကတရုတ်စာapkတွေမှားဖျက်မိလို့တခုခု သုံးမရဖြစ်နေတဲ့မိတ်ဆွေတွေနဲ့ တခြားဖုန်းက Orginally apk တွေကိုကူးယူချင်သူများအတွက် Application လေးပါ


ဦးအာကာ(Acme Mobile)
www.ooarkar.com ဆီက ကူးယူထားတာပါ

မိမိဖုန်းကတရုတ်စာ apk တွေကိုမှားဖျက်မိလို့ တခုခု လုက်မရ ဖုန်းခေါ်မရတို့ဖြစ်ပီဆိုရင် ဆိုင်ပြေးရပါပြီ။ အဲ့မှာစတွေ့တာပဲ။သိတဲ့အတိုင်းပဲလေ ဖုန်းအကြောင်းမသိတဲ့သူဆိုတောင်းပီပေါ့။သိတဲ့သူကိုတောင် ရတဲ့နည်းနဲ့ကျော်ခွနေတာပါ။အဲ့လိုမဖြစ်ရအောင်ဒီapkလေးနဲ့ကူးလို့ရပါတယ်။
ဥပမာ။ မိမိဖုန်းက Galaxy Grand2 ဆိုရင် တခြသူဖုန်းကလဲ Galaxy Grand2 ဖြစ်ရပါမယ်။ဒါမှမိမိမှားဖျက်မိတဲ့ apkကို ကိုယ်နဲ့တူတဲ့ဖုန်းကနေ ပြန်ကူးပြီး ပြန်အဆင်ပြေသွားပါမယ်။မိမိအသုံးလိုတဲ့တခြားသူရဲ့ orginally apk ကိုလည်းကူးပြီး အသုံးပြုနိုင်ပါသေးတယ်။ကျန်တာတော့ မိမိဉာဏ်ရှိသလောက် အသုံးဝင်လာမှာပါ။အောက်မှာလင့် နှစ်ခုပေးထားပါတယ်။အဆင်ပြေရာမှဒေါင်းပါ။



Download Here



Download Here

Candy Crush Soda Saga (Unilimited live/Gold/Unlock)



ကိုကိုမမတွေအရမ်းကြိုက်ကြတဲ့Candy Crushဂိမ်းလေးပါ။(Oct 6,2014)ကထွက်တာပါ။ငါးတွေ၊စိန်တွေနဲ့သကြားလုံးတွေ ဝယ်စရာမလိုဘဲ Gold/Unlock လေးနဲ့ကစားရမှာပါ။Hack ပြီးသားဆိုတေါ့ မိမိစိတ်တိုင်းကြ ကစားရမှာဖြစ်တဲ့အတွက် ကစားလိုသူများ အောက်မှာဒေါင်းနိုင်ပါပြီဗျာ။ဖိုင်ဆိုဒ်က 40Mb ရှိပြီး Android 2.3 နဲ့အထက်ဖုန်းတွေမှာ ကစားနိုင်ပါတယ်။

**step1..အောက်က Download bottonကိုနှိပ်ပါ
**step2.."5sec"လောက်စောင့်ပါ
**step3 SKIP AD ကိုနှိပ်ပါ
**step4,download link ကျလာပါလိမ့်မယ်

အဆင်ပြေပါစေဗျာ



Download Here


http://eagletzawlay.blogspot.com

အရေးကြီးတဲ့အလုပ်ကိစ္စတွေကို မှတ်သားပေးမဲ့ apk

အခုတင်ပေးတဲ့applicationလေးကတေါ့ မိမိရဲ့တစ်နေ့တာ၊တစ်ရက်စာ၊တစ်လစာ လုပ်ဆောင်ရမယ့် အလုပ်ကိစ္စတွေ၊ချိန်းဆိုထားတဲ့နေ့တွေ အချိန်တွေ စတဲ့အရာတွေကို မှတ်းတမ်းလေးတစ်ခုလုပ်ပြီး မှတ်နိုင်တဲ့apkလေးပါ။Calenderမှာ မိမိအရေးတကြီးလုပ်စရာရှိတဲ့နေ့တွေကို ရွေးပြီး အရောင်နဲ့အမှတ်အသားလုပ်နိုင်ပါတယ်။ တစ်ရက်ချင်းစီကိုလည်း အကြောင်းအရာများနဲ့ရေးပြီး အသေးစိတ်မှတ်သားထားနိုင်ပါတယ်။ကျွန်တေါ့လိုသတိမေ့တတ်သူများနဲ့ လုပ်ငန်းကြီးလုပ်နေသူများအတွက် ပိုသင့်တော်လိမ့်မယ်ထင်ပါတယ်။Android OS 2.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်ပါတယ်။d
အသုံးပြုလိုပါက အောက်တွင်ဒေါင်းယူနိုင်ပါသည်။


download

Saturday, October 11, 2014

ဖုန်းဝန်ဆောင်မှု apk

*MPT,MEC,OOREDOO,TELENOR များအတွက်
# ငွေလက်ကျန်စစ်ရန်
# ဖုန်းထဲသို့ငွေပြန်ဖြည့်ရန်
# အခြားဖုန်းသို့ငွေဖြည့်ပေးရန်
# အင်တာနက်လျှောက်ရန်
# ဆက်သွယ်ရေးဝန်ဆောင်မှုများ စုံစမ်းရန်
# Call Forwarding လျှောက်ရန်
# Call Wating လျှောက်ရန်
# Miss Call Alert လျှောက်ရန်
# Voice Mail လျှောက်ရန်
# အပိုဝန်ဆောင်မှုများပယ်ဖျက်ရန်
# ငွေဖြည့်မရလျှင် အကူအညီတောင်းရန်
# Mobile Money ဝန်ဆောင်မှု့အကြောင်း
# Mobile Money လျှောက်ရန်
# အခြားဖုန်းသို့ငွေဖြည့်ရန်
# ဖုန်းထဲမှငွေလွှဲပြောင်းပေးရန်
# ငွေဖြည့်ပေးရန်တောင်းဆိုခြင်း
# ဖုန်းပြန်ခေါ်ခိုင်းရန်
# ဝန်ဆောင်မှုများကိုစီမံရန်
# အင်တာနက် Data ဝန်ဆောင်မှုများ
# ဖုန်းနံပါတ်စစ်ဆေးရန်
စတဲ့စတဲ့ ဝန်ဆောင်မှုများကို ဒီapkလေးက အသုံးလုပ်ဆောင်စေနိုင်မြှာ။ဖစ်ပါတယ်။။ အသုံးပြုလိုပါက အောက်တွင်ဒေါင်းပါ

Download Here


http://eagletzawlay.blogspot.com

Wednesday, October 8, 2014

လေမှုတ်ရင်lockဖွင့်ပေးမယ့် apk

ဖုန်းကိုလေမှုတ်ပြီးLockဖွင့်မယ်


ဒီကောင်လေးကိုကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။အရင်ဆုံး ဒီကောင်လေးကို install လုပ်ပါ။ပြီးရင်applicationထဲဝင်ပါ။ သော့ပုံကိုTap above to Turn OFF the Air Blow ကိုပြောင်းပေးပါ။ပြီးရင် ပြန်ထွက်ပြီးစမ်းကြည့်ပါ။ပုံပေါ်လာပြီဆို လေမှုတ်ပြီးဖွင့်ကြည့်ပါ။မပွင့်သေးဘူးဆိုရင် သော့ပုံလေးကိုဖိထားပြီးမှ လေမှုတ်ကြည့်ပါ။ပွင့်သွားပါလိမ့်မယ်။နောက်တစ်မျိုး ဖုန်းကိုလှုပ်ပေးရင်လည်း Lock ပွင့်ပါတယ်။ အောက်မှာဒေါင်းပြီးစမ်းကြည့်နိုင်ပါပြီ။
အမှားပါရင် ခွင့်လွှတ်ကြပါ။ ခုမှစမ်းတင်နေတုန်းမို့ပါ


Download Here


Credit=Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

http://eagletzawlay.blogspot.com